HUAWEI ASCEND Y210 WIFI ERROR ဖြေရှင်းနည်း
Y210 B839 boot image download
Huawei Y210 တွေက root လုပ်လိုက်ရင် wifi သုံးမရတော့တာမျိုး ဖြစ်ပါတယ်။
ဘာကြောင့်လဲဆိုတော့ သူ့ကို ကျွန်တော်တို့ root လုပ်တဲ့အခါ insecure boot image ကို install အရင်လုပ်ပြီးမှ ကြိုက်ရာ tool တစ်ခုနဲ့ root တာပါ ။ အဲ အဲဒီ insecure boot image က firmware ရဲ့ Base version မကိုက်ရင် error တက်တာပါပဲ ။ ကျွန်တော်တို့ အင်တာနက်ပေါ်မှာ ရနေတဲ့ boot image တွေက y210 firmware ရဲ့ base number b829 တွေအတွက်ပါ ။ ကျွန်တော်တို့ root လုပ်မယ့် firmware က b829 မဟုတ်ရင် မရပါဘူး ။ အဲ တစ်ခုရှိတယ် ။ ကိုယ့်ဆီမှာ b829 frimware ရှိရင်တော့ သူ့ကို တင်ပြီး root ရင်တော့ အဆင်ပြေပါမယ် ။ မရှိဘူးဆိုရင်တော့ ဒေါင်းမယ်ဆိုရင် Huawei က B839 အတွက် firmware ကိုပဲ ပေးမှာမို့ ခု တင်ပေးတဲ့ image လေးက မရှိမဖြစ်လိုပါလိမ့်မယ် ။ ဒါမှပဲ သင့်ဖုန်းကို မူလပုံစံအတိုင်း root ဖေါက်နိုင်မှာပါ။
Root လုပ်နည်းကတော့ လွယ်ပါတယ်။
၁။ ခုပေးထားတဲ့ image ကို run ပါ။
၂။ ဖုန်းကို fast boot mode ထဲ ၀င်ပါ ။ (vol - + power) အနည်းဆုံး (၇)စက္ကန့်ဖိထား
၃။ usb နှင့် ချိတ်ပါ။
၎။ image သွင်းရန် နှိပ်ခိုင်းသော နေရာတွင်နှိပ်ပါ။
၅။ ခဏ စောင့်ပါ ။ ထို့နောက် ဖုန်းကို ကွန်ပျူတာမှ ဖြုတ်ပါ။ ဓါတ်ခဲဖြုတ်ပါ။ ပြန်ဖွင့်ပါ။
၆။ ပါဝါပြန်ပွင့်လာလျှင် ဖုန်းကို USB deb နှင့် Unknown sources ကို on ပါ။
၇။ မိမိနှစ်သက်ရာ tool နှင့် Root ပြုလုပ်ပါ။
build no B829 အတွက်ဆိုရင်တော့ ခု ပေးထားတဲ့ image မဟုတ်ပဲ B829 အတွက် image ကို ခုတိုင်း install လုပ်ရပါမယ် ။
အဆင်ပြေပါစေ။
No comments:
Post a Comment